Command-Not-Found

·

1 min read

ကျွန်တော်တို့ linux server တွေမှာ minimal install ထားတာပဲဖြစ်ဖြစ် wsl မှာ အသုံးပြုတာပဲဖြစ်ဖြစ် တချို့ command တွေဟာ default အနေနဲ့မပါလာပါဘူး။ ဥပမာ - ubuntu server မှာ installation လုပ်ပြီးရင် ifconfig,netstat စတဲ့ command ဟာ default မပါလာပါဘူး။ သူကို အသုံးပြုလို့ရဖို့အတွက် net-tools ဆိုတယ့် package ကို install ပြန်လုပ်ပေးရပါတယ်။ ဒါကတော့ ကျွန်တော်တို့က ဒီ command တွေရဲ့ package ကို သိနေလို့ အလွယ်တကူ install လုပ်လိုက်လို့ရတာပေါ့နော်။ တချို့ command တွေဆို command နဲ့ package name နဲ့မတူကြတာတွေရှိပါတယ်။ အဲ့လိုအခါမျိုးမှာ ကျွန်တော်တို့က command name တော့သိတယ်ပဲထားပါတော့။ ဘာ command အသုံးပြုချင်တာလဲဆိုတော့ ping command ကိုအသုံးပြုချင်တယ်။ ping 8.8.8.8 ဆိုပြီး အသုံးပြုလိုက်တယ့်အချိန်မှာ bash: ping: command not found ဆိုပြီး error ကြီးကျလာမှာဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့က မှန်းပြီးတော့ apt install ping ဆိုပြီး မှန်းပြီး package သွင်းကြည့်လိုက်တယ်ပေါ့။ ဒါပေမယ့်လဲ package name က မမှန်တော့ အဲ့ command အသုံးပြုလို့ရသေးမှာမဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အချိန်ကုန်သက်သာပြီး အလွယ်တကူ command လေးသိယုံနဲ့ package name ကို သိရမယ့် command-not-found ဆိုတယ့် site လေးပဲ site လေးပဲဖြစ်ပါတယ်။ သူရဲ့ search bar ထဲမှာ ping ဆိုပြီး ရိုက်ပြီးရှာလိုက်တာနဲ့ ဒီ command ကဘာအတွက်သုံးတာနဲ့ package install လုပ်ဖို့အတွက် command ပါတစ်ခါတည်းထည့်ပေးထားပါတယ်။

https://command-not-found.com/